Thursday, 15 September 2011

နားလည်ထားသော ဘလော့ ဂါ

ဘလောဂါဆိုတာ.......
၁။ဘလော့ ပေါ်မှာ စာရေးနေသူပါ။
၂။ကိုယ့် ရဲ့  အသိပညာ,အတွေ့ အကြုံ,စိတ်ခံစားချက်ကို ဘလော့ ပေါ်မှာ မျှဝေသူပါ။
၃။မိမိရေးသောစာကို မိမိကိုယ်တိုင် တာဝန်ယူနိုင်သူပါ။
၎။အချိန်မှန် လာရောက် လေ့ လာသူတွေအကျိုးရှိစေဖို့  ပုံမှန်ရေးနိုင်သူပါ။
၅။ဝေဖန်,ကဲ့ ရဲ့ ,ပြစ်တင်တာတွေကို ခံနိုင်ရည်ရှိရှိနဲ့  ကြိုဆိုသူပါ။
၆။အားပေးစကား,ချီးကျူးစကားတွေကို ၀မ်းမြောက်စွာ လက်ခံရယူသူပါ။
၇။ကိုယ်ရေးတဲ့ စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို၊စိတ်ညစ်တာတွေကိုလည်း မကူးစက်စေချင်သူပါ။
၈။စာဖတ်သူများ ကိုယ့် ဘလော့ ကိုဖတ်ပြီး ပျော်ရွှင်ချမ်းမြေ့ ပြီး သုတအဖြာဖြာ ပွားတိုးစေချင်သူပါ။
၉။အကြံဥာဏ်နှင့် သုတပွားရေး၊ဖြန့် ဝေရေးကို ထာဝရမျှော်လင့်  ကြံဆလုပ်ကိုင်နေသူပါ။
၁၀။တစ်ခါတစ်ခါ အခက်အခဲတွေအများကြီးကြားမှာ ဇဝေဇ၀ါ၊မသေမချာ ဖြစ်နေတတ်သူပါ။
၁၁။ဒါပေမဲ့  ဦးပဉ္စင်းကတော့  ဘလော့ ဂါ မဟုတ်သေးပါ။ဘလော့ ဂါဖြစ်အောင် ကြိုးစားနေသူ တစ်ယောက်သာ ဖြစ်ပါတယ်။
ဘာပဲပြောပြော ဒီဘလော့ အတွက်
ဝေဖန်အကြံပြုစာသည်
ဦးပဉ္စင်းအတွက်
"မရှိ မဖြစ် မိုး"ပါပဲနော်
အချိန်ယူကာ ၀င်ရောက် ဖတ်ရှုပေးခြင်းအတွက်
အထူပင်ကျေးဇူးတင်ပါသည်။

Labels:

စကားကောင်းရဲ့ ခွန်အား


ဆရာဝန်ကောင်းဟာ ရောဂါကို  ကုတယ်
အမတ်ကောင်းဟာ တိုင်းပြည်ကို ကုတယ်
စကားကောင်းဟာ စိတ်ဓါတ်ကို ကုတယ်...တဲ့ 
ဒါကြောင့်  ဦးပဉ္စင်း ဘ၀အတွေ့ အကြုံအရ စကားကောင်းလေးတစ်ခွန်း
လက်ဆောင်ပါးပါရစေနော်
  • စိတ်ရင်းကောင်းသူတွေဟာ ဘ၀ကို
  • ထာဝရကျေနပ်စွာ ဖြတ်သန်းနေရမှာပါ
  • ဒါကြောင့်  ဘာပဲလုပ်လုပ်
  •  စိတ်ရင်းကောင်းလေးနဲ့ လုပ်နော်။

Labels:

Thursday, 1 September 2011

ပညာရှိ အဆိုအမိန့် 

 
  • ကြာပန်းက  ရေကန်ကိုသာ  အလှဆင်တယ်။
  • မိုးတိမ်က  ကောင်းကင်ကိုသာ  အလှဆင်တယ် 
  • လာခြင်းကောင်းသော  မိတ်ဆွေကတော့   တစ်လောကလုံးကို  အလှဆင်တယ်။


                                                 သီဟိုဠ်ခေတ်၊သံဃရက္ခိတမထေရ်ကြီး

Labels:

ဘ၀ဟန်ချက်


  • ငါဆာလောင်တာ အောင်မြင်မှု 
  • ငါပြုစုတာ အနာဂတ်
  • ငါရပ်တည်တာ ပစ္စုပ္ပန် 
  • ငါ့ ကြည့် မှန်ဟာ အတိတ်
  • ငါ့ အရိပ်ဟာငါ့ ထီး 
  • ငါ့ ခရီးအတွက် ငါသည်သာလျှင် လမ်းဖြစ်တယ် ။

Labels: